အထက(၁)မြိတ်(၂)ထပ်ကျောင်းဆောင်ဟောင်းအားဖြိုပြီး (၃)ထပ် ကျောင်းဆောင်သစ် အုတ်မြစ်ချမင်္ဂလာအခမ်းအနားနှင့် စိန်ရတုဘင်အထိမ်းအမှတ်မှတ်တမ်း ဓါတ်ပုံများဖြစ်ပါသည်။
ဆရာမကြီး ဒေါ်သန်းရှင်ဆီမှ ရရှိသော ဓါတ်ပုံများဖြစ်ပါသည်။
ကျောင်းဆောင်ဟောင်း/သစ် ပုံစံငယ်ဓါတ်ပုံများကို ဒီဇိုင်းဦးအင်စိုး ထံမှ ကူးယူပါသည်။
ကျောင်းဆောင်ဟောင်း/သစ် ပုံစံငယ်ဓါတ်ပုံများကို ဒီဇိုင်းဦးအင်စိုး ထံမှ ကူးယူပါသည်။
=====
ဆရာမကြီး ဒေါ်သန်းရှင် လက်ထက်တွင် နှစ်ထပ်သစ်သား ကျောင်းဆောင်ဟောင်း ကြီးမှာ ပျက်စီးယိုယွင်းနေ၍ (၂၅-၅-၁၉၇၉) နေ့တွင် ဖျက်သိမ်းခဲ့ပြီး ယင်းနေရာတွင် သုံးထပ်အဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန် (၁၉-၁၀-၁၉၇၉)ခုနှစ်တွင် အုတ်မြစ်ချခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးငွေအောင် လက်ထက် (၇၊၁၊၁၉၉၀)ခုနှစ်တွင် ကျောင်း ဖွင့်ပွဲနှင့်အပ်နှံပွဲ ပြုလုပ်ခဲ့သည်။ သုံးထပ်ဆောင် (မဉ္ဇူဆောင်) လုံးဝ မပြီးခင်မှာ ပြီးစီးသည့် အထပ်များတွင် ယာယီ စာသင်ကြားခြင်းများ ပြုလုပ်ခဲ့ရပါသည်
*****
ကျောင်းဆောင်ဟောင်း မူလဓာတ်ပုံကို ဓာတ်ပုံ တင်မောင်ဝင်း ( မြိတ် )မှ ရိုက် ကူး လှူဒါန်းခဲ့ပြီး ကျောင်းဆောင်ဟောင်း ပုံစံငယ်နှင့် ကျောင်းဆောင်သစ် ပုံစံငယ်များကို ဗိသုကာ ဒေါက်တာလွင်အောင်နှင့် အဖွဲ့မှ ပြုလုပ် လှူဒါန်းခဲ့ကြောင်း ကျောင်းမှတ်တမ်းများအရ သိရှိရပါသည်။
Credit
မာန် ( မြန်မာပြည်တောင်ပိုင်း )
=====
No comments:
Post a Comment