Saturday, November 11, 2017

ကန်ဖျားရပ်အလှူခံခရီးစဉ်မှတ်တမ်း-၁ (၁၁-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၁၁-၁၁-၂၀၁၇ (စနေနေ့)တွင် ကန်ဖျားရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။ 
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး လှုံဆော်ရေးသီးချင်းဖွင့်လှစ်ထားသော ရှေ့ပြေးကားများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်းများနှင့်အတူ ရပ်ကွက်တာဝန်ရှိသူများမှ လိုက်ပါကူညီခဲ့ကြပါသည်။ 
ဗိုလ်ဗထူးလမ်းမှစတင်ကာ ဖွားမင်းသိုက်၊ ခရူတောရပ်ကွက်၊ ကန်ဖျားမြေနီလမ်းတလျှောက် နှင့် ဘုရားကိုးဆူရပ်၊ ကြံတောရပ်ကွက်များသို့ သွားရောက်အလှူခံကြပြီး ညနေ(၃း၀၀)နာရီတွင် ရပ်နားခဲ့ပါသည်။
၁၁-၁၁-၂၀၁၇(စနေနေ့)အလှူရရှိငွေပေါင်းမှာ  ၉၈-အဖွဲ့မှ အလှူထည့်ဝင်ငွေ ကျပ်သိန်း(၄၀)အပါအ၀င် ကန်ဖျားရပ်ကွက် ကျောင်းသား/သူဟောင်းများ အလှူထည့်ဝင်ငွေများပေါင်း ၁၀၂၆၆၀၀၀ိ/-(တစ်ရာ့နှစ်သိန်းခြောက်သောင်းခြောက်ထောင်ကျပ်)ရရှိခဲ့ပါသည်။ 
ရာပြည့်အလှူခံအဖွဲ့အား ကျွေးမွေးဧည့်ခံပေးသော ...
နံနက်စာ - ကိုမင်းသိမ်း+မစန်းစန်းခိုင်(သီရိစံအိမ်)တို့မှ ဒါနပြုသော ရှမ်းမုန့်တီနှင့် ကောက်ညှင်းပြန်ပေါင်း + ဖျော်ရည်
နေ့လယ်စာ - ဦးစိုးဝင်း+ဒေါ်စန်းစန်းဝေ တို့၏ သမီး မင်္ဂလာဆွမ်းကျွေး၊ ဘုရားကိုဆူကျောင်း
တို့အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။








































No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...