Saturday, November 25, 2017

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး ဆိပ်ငယ်ရပ်ကွက်သို့ ကားများဖြင့်သွားရောက်ကာ ဆိပ်ကမ်းရုံးလမ်းမှ စတင်ပြီး ရပ်ကွက်များသို့ အလှူခံထွက်ခဲ့ကြပါသည်။ ဆိပ်ငယ်ရပ်မှစတင်ကာ တလိုင်းစု၊ နောက်လယ်ရပ်၊ ဈေးတန်း၊ သန်းဖိုရပ်နှင့် စိန်မျှား ဦးနေ၀င်း မိသားစုတို့၏ ထပ်မံလှူဒါန်းငွေမျာအား သွားရောက်လက်ခံကာ ညနေ(၄း၀၀)နာရီခန့်တွင် အလှူခံခရီးစဉ် ပြီးဆုံးခဲ့ပါသည်။
ရာပြည့်အလှူခံအဖွဲ့အား ကျွေးမွေးဧည့်ခံပေးသော ...
နံနက်အရုဏ်ဆွမ်းအလှူ(ပဲတောင်မင်းစေတီ) > မတင်ကျော့ကျော့ခိုင် မိသားစု
ဖျော်ရည်+မုန့် > ကိုမျိုးအောင် မခင်ထွေးမြင့် ကိုကြည်ပို မသိန်းသိန်း မိသားစု
နေ့လယ်စာ မုန့်တီလှော် နှင့် လုံးစေ့ဖျော်ရည် > ကိုဟုန်နု+မမီးငယ် မိသားစု
နေ့လယ် ဖျော်ရည် > ဦးနေ၀င်း စိန်မျှားမိသားစု
နေ့လယ်စာ ဒန်ပေါက်ထမင်း > ဒေါ်အင်ပို ဂရင်းဂျိတ်ဟိုတယ်မိသားစု နှင့် ရေသန့်ဘူးအလှူရှင်
ဇင်ယော်မင်းသောက်ရေသန့်မိသားစု တို့အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။










































No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...