အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၄-၁၁-၂၀၁၇ (စနေနေ့)တွင် ထားဝယ်စုရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး လှုံဆော်ရေးသီးချင်းဖွင့်လှစ်ထားသော ရှေ့ပြေးကားများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်းများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်ပါကူညီခဲ့ကြပါသည်။
ခရူပင်လက်ဖက်ရည်ဆိုင်မှ စေတနာထက်သန်စွာဖြင့် မုန့်၊ အအေး၊ လ္ဘက်ရည်များ၊ ဇင်ယော်မင်းသောက်ရေသန့်မှ ရေသန့်ဘူးများ ဒါနပြုခဲ့ပါသည်။
အလှူငွေကောက်ခံခြင်းအား နေ့လယ်(၁း၃၀)နာရီခန့်တွင် ပြီးဆုံးပြီး ကျောင်းအတွင်း ပြန်ဆုံကြကာ လိုက်ပါသူများအား ထားဝယ်စုရပ်ကွက်မှ ကျောင်းသား/သူဟောင်းများမှ ကြက်ဆီထမင်း၊ မခင်အေးသက်(ရွှေနန်းတော်)မှ အအေးဗူးနှင့်၊ ကိုအောင်ခိုင်မှ ခြံထွက်နွားနို့အအေးဘူး တို့ဖြင့် နေ့လယ်စာ ဒါနပြုခဲ့ပါသည်။
၎-၁၁-၂၀၁၇ (စနေနေ့) ထားဝယ်စုရပ်ကွက်အတွင်း အလှူခံရရှိငွေစုစုပေါင်း ၇၄၈၃၀၀၀ိ/- (ခုနှစ်ဆယ့်လေးသိန်းရှစ်သောင်းသုံးထောင်ကျပ်) ရရှိခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...

-
သောက်ရေသန့်အလှူ ဇင်ယော်မင်းသောက်ရေသန့် 300ml ရေသန့်ဗူး ၆၀၀၀ အဆင်သင့်လုပ်ထားပေးပါမယ်။
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ပိုစတာစိုက်ထူခြင်းအား ယနေ့ ၂၇-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီက အထက(၁)မြိတ်၊ စံပယ်ဆောင်...
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ၂-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ အထက(၁)မြိတ်၊ စံပါယ်ခန်းမ နာယကကြီး ဦ...
No comments:
Post a Comment