Sunday, November 12, 2017

ကန်ဖျားရပ်အလှူခံခရီးစဉ်မှတ်တမ်း-၂ (၁၂-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၁၂-၁၁-၂၀၁၇ (တနင်္ဂနေ့)တွင် ကန်ဖျားရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး မြစည်းစိမ်ဟိုတယ်ခန်းမတွင် မောင်ဥာဏ်လင်းအောင်+မသဉ္ဖာစိုး တို့၏ မင်္ဂလာဧည့်ခံပွဲသို့ သွားရောက်ချီးမြင့်အားပေးကြပါသည်။
၎င်းနောက် ရဲသိပ္ပံလမ်းမှစတင်ကာ အထက်ကန်ဖျား၊ ကန်ဖျားလမ်းမကြီးအတိုင်း ကန်ဖျားအရှေ့ပိုင်းရပ်နှင့် ဘုရားငါးဆူအရှေ့နှင့်အနောက်ရပ်များသို့ သွားရောက်အလှူခံကြပြီး ညနေ(၃း၀၀)နာရီတွင်
ရပ်နားခဲ့ပါသည်။
၁၂-၁၁-၂၀၁၇(တနင်္ဂနွေနေ့)အလှူရရှိငွေမျာမှာ  ၈၃-အဖွဲ့မှ အလှူထည့်ဝင်ငွေ ၄၈၅၀၀၀ိ/-ကျပ်နှင့် ကန်ဖျားရပ်ကွက် ကျောင်းသား/သူဟောင်းများ အလှူထည့်ဝင်ငွေ ၆၄၃၉၀၀၀ိ/-ကျပ် ရရှိခဲ့ပါသည်။
ရာပြည့်အလှူခံအဖွဲ့အား ကျွေးမွေးဧည့်ခံပေးသော ...
ဦးစိုးဝင်း+ဒေါ်စန်းစန်းဝေ သမီး မင်္ဂလာဧည့်ခံပွဲ၊ မြစည်းစိမ်မင်္ဂလာခန်းမ
နံနက်စာ > မုန့်ဟင်းခါး - ကိုကြည်ဦး+မသီသီသန်း မိသားစု
ကြံရည်+ငါးမုန့် - မစိုးစိုး မိသားစု
နေ့လယ်စာ > ဒန်ပေါက်ထမင်း - ကိုသန်းစိုးအောင်+မနှင်းအိဖြူ မိသားစု
ဟင်းရန် နှင့် ဟင်းချို - ကိုတင်ဝဏ္ဏ+မဆွေဆွေမြင့် မိသားစု
ပင်ပွားမုန့်ချို > ကိုဟုန်နု+မမီးငယ် မိသားစု ...
တို့အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



































No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...