အထက(၁)မြိတ်၊ ရာပြည့်ပွဲတော် အထိမ်းအမှတ် အမှတ်တရပစ္စည်း ဈေးရောင်းပွဲတော်အား ၃-၁၁-၂၀၁၇(တန်ဆောင်မုန်းလပြည့်နေ့)က ဂရင်းဂျိတ်ဟိုတယ်ရှေ့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါသည်။
နေ့လယ်(၂း၀၀)နာရီမှ စတင်ကာ အထက(၁)မြိတ် ကျောင်းသား/သူဟောင်းများ၏ အနုပညာစွမ်းရည် ရာပြည့်တေးသံ Music Band မှ တေးသီချင်းများဖြင့် ဧည့်ခံကြပါသည်။ ကျောင်းသား/သူများ၏ ကိုယ်ပိုင်ဖန်တီးမှု ရာပြည့်စည်းရုံးလှုံ့ဆော်ရေး တေးသီးချင်းများနှင့် အခြားသော
တေးသီချင်းများ သီဆိုကြပြီး ဂရင်းဂျိတ်ဟိုတယ်မိသားစုမှ ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်၊ မခင်မာဝင်းက အာပုံအချပ် (၁၀၀) မတင်တင်သော်ကမုန့်တီလှော်တစ်အိုးတို့ဖြင့် ကျွးမွေးဧည့်ခံခဲ့ကာ ဈေးရောင်းပွဲတော်အား ည(၉း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
စက်ပစ္စည်းများ သယ်ယူပို့ဆောင်တပ်ဆင်ရာနှင့် ရာပြည့် အမှတ်တရပစ္စည်းများအား လာရောက်အားပေးကူညီရောင်းချပေးခဲ့သော အထက(၁)မြိတ် ကျောင်းသား/သူဟောင်း ညီအကိုမောင်နမများနှင့် ရာပြည့်တေးသံ Music Band အား ဆုတော်ငွေ သုံးသိန်းကျပ် ချီးမြင့်ခဲ့သော
ဦးကျောက်စိမ်း+ဒေါ်အင်ပို၊ ဂရင်းဂျိတ်ဟိုတယ်မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Subscribe to:
Post Comments (Atom)
ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...

-
သောက်ရေသန့်အလှူ ဇင်ယော်မင်းသောက်ရေသန့် 300ml ရေသန့်ဗူး ၆၀၀၀ အဆင်သင့်လုပ်ထားပေးပါမယ်။
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ပိုစတာစိုက်ထူခြင်းအား ယနေ့ ၂၇-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီက အထက(၁)မြိတ်၊ စံပယ်ဆောင်...
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ၂-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ အထက(၁)မြိတ်၊ စံပါယ်ခန်းမ နာယကကြီး ဦ...
No comments:
Post a Comment