အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး ဆိပ်ငယ်ရပ်ကွက်သို့ ကားများဖြင့်သွားရောက်ကာ ဆိပ်ကမ်းရုံးလမ်းမှ စတင်ပြီး ရပ်ကွက်များသို့ အလှူခံထွက်ခဲ့ကြပါသည်။ ဆိပ်ငယ်ရပ်မှစတင်ကာ တလိုင်းစု၊ နောက်လယ်ရပ်၊ ဈေးတန်း၊ သန်းဖိုရပ်နှင့် စိန်မျှား ဦးနေ၀င်း မိသားစုတို့၏ ထပ်မံလှူဒါန်းငွေမျာအား သွားရောက်လက်ခံကာ ညနေ(၄း၀၀)နာရီခန့်တွင် အလှူခံခရီးစဉ် ပြီးဆုံးခဲ့ပါသည်။
ရာပြည့်အလှူခံအဖွဲ့အား ကျွေးမွေးဧည့်ခံပေးသော ...
နံနက်အရုဏ်ဆွမ်းအလှူ(ပဲတောင်မင်းစေတီ) > မတင်ကျော့ကျော့ခိုင် မိသားစု
ဖျော်ရည်+မုန့် > ကိုမျိုးအောင် မခင်ထွေးမြင့် ကိုကြည်ပို မသိန်းသိန်း မိသားစု
နေ့လယ်စာ မုန့်တီလှော် နှင့် လုံးစေ့ဖျော်ရည် > ကိုဟုန်နု+မမီးငယ် မိသားစု
နေ့လယ် ဖျော်ရည် > ဦးနေ၀င်း စိန်မျှားမိသားစု
နေ့လယ်စာ ဒန်ပေါက်ထမင်း > ဒေါ်အင်ပို ဂရင်းဂျိတ်ဟိုတယ်မိသားစု နှင့် ရေသန့်ဘူးအလှူရှင်
ဇင်ယော်မင်းသောက်ရေသန့်မိသားစု တို့အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Saturday, November 25, 2017
Monday, November 20, 2017
တစ်ချိန်တုန်းကပုံရိပ်များ(၄)
အထက(၁)မြိတ်၊ စံပယ်ဆောင်
ကျောင်းဝင်းအုတ်နံရံတောင် မကာသေးပါ ...
(ပေါ်ပြူလာဓါတ်ပုံတိုက်၊ ကိုတင့်လွင်ဆီမှ ရရှိ ... )
ကျောင်းဝင်းအုတ်နံရံတောင် မကာသေးပါ ...
(ပေါ်ပြူလာဓါတ်ပုံတိုက်၊ ကိုတင့်လွင်ဆီမှ ရရှိ ... )
... အစိုးရအထက်တန်းကျောင်း (ယခုအထက(၁)မြိတ်)၊ ဥပသကာအဖွဲ့ ...ကျောင်းရှေ့လမ်းတွင်
ကျောင်းဝင်းအုတ်စည်းရိုးမကာ သေး၊ နောက်တွင် ကုက္ကိုလ်ပင်ကြီးများ၊ ဘုရားငါးဆူကွင်း၊ ကန်ဖျားလမ်းမကြီး၊ ကောဏ္ဍာဂုံဘုရားတောင် ...
နောက်နားမှာ လေးဂိုးအဆောက်အအုံဟောင်းနှင့် ပုံညာဘက်စွန်းတွင် ရေမြောင်းပေါင်းကူးအုတ်ခုံ ...
(ဓါတ်ပုံအား ... ဆရာမဒေါ်ထွေးကြည် ထံမှ ရရှိပါသည်)
ကျောင်းဝင်းအုတ်စည်းရိုးမကာ
နောက်နားမှာ လေးဂိုးအဆောက်အအုံဟောင်းနှင
(ဓါတ်ပုံအား ... ဆရာမဒေါ်ထွေးကြည် ထံမှ ရရှိပါသည်)
အထက(၁)မြိတ်၊ ဘုရားသိမ်
(ကျောင်း အုတ်တံတိုင်း မကာသေး၊ အနောက်တွင် နှစ်ထပ်သစ်သားကျောင်းဆောင်ေ ဟာင်း)
(ကျောင်း အုတ်တံတိုင်း မကာသေး၊ အနောက်တွင် နှစ်ထပ်သစ်သားကျောင်းဆောင်ေ
အထက(၁)မြိတ်၊ ကထိန်ပွဲစံလှည့် (၁၉၅၆)
Sunday, November 12, 2017
ကန်ဖျားရပ်အလှူခံခရီးစဉ်မှတ်တမ်း-၂ (၁၂-၁၁-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၁၂-၁၁-၂၀၁၇ (တနင်္ဂနေ့)တွင် ကန်ဖျားရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး မြစည်းစိမ်ဟိုတယ်ခန်းမတွင် မောင်ဥာဏ်လင်းအောင်+မသဉ္ဖာစိုး တို့၏ မင်္ဂလာဧည့်ခံပွဲသို့ သွားရောက်ချီးမြင့်အားပေးကြပါသည်။
၎င်းနောက် ရဲသိပ္ပံလမ်းမှစတင်ကာ အထက်ကန်ဖျား၊ ကန်ဖျားလမ်းမကြီးအတိုင်း ကန်ဖျားအရှေ့ပိုင်းရပ်နှင့် ဘုရားငါးဆူအရှေ့နှင့်အနောက်ရပ်များသို့ သွားရောက်အလှူခံကြပြီး ညနေ(၃း၀၀)နာရီတွင်
ရပ်နားခဲ့ပါသည်။
၁၂-၁၁-၂၀၁၇(တနင်္ဂနွေနေ့)အလှူရရှိငွေမျာမှာ ၈၃-အဖွဲ့မှ အလှူထည့်ဝင်ငွေ ၄၈၅၀၀၀ိ/-ကျပ်နှင့် ကန်ဖျားရပ်ကွက် ကျောင်းသား/သူဟောင်းများ အလှူထည့်ဝင်ငွေ ၆၄၃၉၀၀၀ိ/-ကျပ် ရရှိခဲ့ပါသည်။
ရာပြည့်အလှူခံအဖွဲ့အား ကျွေးမွေးဧည့်ခံပေးသော ...
ဦးစိုးဝင်း+ဒေါ်စန်းစန်းဝေ သမီး မင်္ဂလာဧည့်ခံပွဲ၊ မြစည်းစိမ်မင်္ဂလာခန်းမ
နံနက်စာ > မုန့်ဟင်းခါး - ကိုကြည်ဦး+မသီသီသန်း မိသားစု
ကြံရည်+ငါးမုန့် - မစိုးစိုး မိသားစု
နေ့လယ်စာ > ဒန်ပေါက်ထမင်း - ကိုသန်းစိုးအောင်+မနှင်းအိဖြူ မိသားစု
ဟင်းရန် နှင့် ဟင်းချို - ကိုတင်ဝဏ္ဏ+မဆွေဆွေမြင့် မိသားစု
ပင်ပွားမုန့်ချို > ကိုဟုန်နု+မမီးငယ် မိသားစု ...
တို့အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Subscribe to:
Posts (Atom)
ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...

-
သောက်ရေသန့်အလှူ ဇင်ယော်မင်းသောက်ရေသန့် 300ml ရေသန့်ဗူး ၆၀၀၀ အဆင်သင့်လုပ်ထားပေးပါမယ်။
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ပိုစတာစိုက်ထူခြင်းအား ယနေ့ ၂၇-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီက အထက(၁)မြိတ်၊ စံပယ်ဆောင်...
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ၂-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ အထက(၁)မြိတ်၊ စံပါယ်ခန်းမ နာယကကြီး ဦ...