အထက(၁)မြိတ် ရာပြည့်ပွဲတော်ကြီးနှင့် မြတ်ဆရာပူဇော်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၆-၇)ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းရာပြည့်ပွဲတော်ကြီးကို ...
- နှစ်ပေါင်း(၁၀၀)ပြည့်သည့်တိုင် တည်တံ့ခိုင်မြဲစွာဖြင့် အောင်မြင်ထူးချွန်သော နိုင်ငံ့ သားကောင်း/ သမီးကောင်းများ မွေးထုတ်ပေးနိုင်ခဲ့သည့် ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို နှလုံးသားဖြင့် သိမှတ်စွဲထင် ဂုဏ်ပြုကြရန်
- ကျောင်းတော်ကြီးအတွက် ရာပြည့်အထိမ်းအမှတ် ပညာရေးအထောက်အကူပြုလုပ်ငန်းများ အမှတ်တရ ပြုလုပ်ပေးနိုင်ရန်
- မိမိတို့ ဆရာ/ဆရာမများအား ပူဇော်ကန်တော့ကြရန်
- နှစ်ပေါင်းများစွာ ကွဲကွာနေကြသော ဆရာ/ဆရာမများ နှင့် နှစ်အသီးသီးမှ တပည့် ကျောင်းသား/ ကျောင်းသူဟောင်းများ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ
ကြုံကြိုက်ခဲလှသော ၄င်းရာပြည့်ပွဲတော်ကြီးတွင် အားလုံး အတူတကွ ပါဝင်ဆင်နွဲနိုင်ပါရန် လေးစားစွာဖြင့် ကြိုတင်ဖိတ်ကြားအပ်ပါသည်။
No comments:
Post a Comment