Monday, July 10, 2017

အစည်းအဝေး(၃) ၉-၇-၂၀၁၇


အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၃)အား ၉-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ နေ့လည်(၁)နာရီတွင် ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/သူဟောင်း(၅၀)ကျော် တက်ရောက်ခဲ့ပြီး နာယက ဒေါက်တာမြင့်စိုးမှ အမှာစကားပြောကြားကာ ဥက္ကဋ္ဌ ဒေါ်အင်ပို၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင် နှင့် ဦးခင်လတ်၊ ဦးဟုန်နု၊ ဦးအင်စိုးတို့မှ လိုအပ်သည်များ ရှင်းလင်းတင်ပြကြပါသည်။ ကော်မတီအသီးသီး၏ ကြိုတင်ပြင်ဆင်နေမှုအစီအစဉ်များဖြစ်သော ဘဏ္ဍာငွေရှာဖွေရေးအတွက် ဦးခင်လတ်ကလည်းကောင်း၊ ကြိုဆိုနေရာချထားရေးနှင့် ဖိတ်ကြားရေးအတွက် ဦးသက်စိုးနှင့် ဒေါ်ရှင်ဌေးကလည်းကောင်း၊ ဖျော်ဖြေရေးနှင့် မော်ကွန်းစာစောင်မဂ္ဂဇင်း၊ ပြက္ခဒိန်ထုတ်ဝေရေးအတွက် ဦးလွင်အောင်ကလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးအတွက် ဦးအင်စိုး(ဒီဇိုင်း)ကလည်းကောင်း၊ ပြန်ကြားရေးနှင့် စည်းရုံးလှုံ့ဆော်ရေးအတွက် ဦးနိုင်ဝင်းထွန်းကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကာ ညနေ(၄း၀၀)တွင် ပြီးဆုံးပါသည်။
ခန်းမအသုံးပြုခွင့်ပေးသော ဂရင်းဂျိတ်ဟိုတယ်မိသားစုနှင့် မုန့်ဖလောင်းဖြင့်ဧည့်ခံသည့် ဦးကျော်ကျော်စွီး+ဒေါ်စီစီခိုင် မိသားစုအား ကျေးဇူးတင်ရှိပါသည်။



























No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...