Thursday, July 20, 2017

ရန်ကုန်လှုပ်ရှားမှုများ(၁)

အထက(၁)မြိတ်ရာပြည့်ပွဲတော်ကျင်းပရေး
ရန်ကုန်လှုပ်ရှားမှုများ(၁)
=====
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေး ကော်မတီအမှုဆောင်များမှ ရန်ကုန်မြို့ရှိ နာယကကြီး ၀ဏ္ဏကျော်ထင်ဦးဌေးမြင့် အား July 17 ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ဦးဌေးမြင့်မှ ရာပြည့်ပွဲအတွက်လှူဒါန်းပေးမည့်အပြင် ဆရာ/ဆရာမများအတွက်သီးခြားလှူဒါန်းငွေ၊ မြိတ်မြို့သို့ သွားလာစရိတ်နှင့် ကျောင်း၏ Multimedia Room ပျက်စီးနေမှုအား ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်-မြိတ်အသင်းမှလည်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဆရာ/ဆရာမများအား သီးခြားလှူဒါန်းပေးမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။



No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...