Friday, July 28, 2017

ရည်ရွယ်ချက်


အထက(၁)မြိတ် ရာပြည့်ပွဲတော်ကြီးနှင့် မြတ်ဆရာပူဇော်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၆-၇)ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းရာပြည့်ပွဲတော်ကြီးကို ...
  • နှစ်ပေါင်း(၁၀၀)ပြည့်သည့်တိုင် တည်တံ့ခိုင်မြဲစွာဖြင့် အောင်မြင်ထူးချွန်သော နိုင်ငံ့ သားကောင်း/ သမီးကောင်းများ မွေးထုတ်ပေးနိုင်ခဲ့သည့် ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို နှလုံးသားဖြင့် သိမှတ်စွဲထင် ဂုဏ်ပြုကြရန်
  • ကျောင်းတော်ကြီးအတွက် ရာပြည့်အထိမ်းအမှတ် ပညာရေးအထောက်အကူပြုလုပ်ငန်းများ အမှတ်တရ ပြုလုပ်ပေးနိုင်ရန် 
  • မိမိတို့ ဆရာ/ဆရာမများအား ပူဇော်ကန်တော့ကြရန်
  • နှစ်ပေါင်းများစွာ ကွဲကွာနေကြသော ဆရာ/ဆရာမများ နှင့် နှစ်အသီးသီးမှ တပည့် ကျောင်းသား/ ကျောင်းသူဟောင်းများ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ
ကြုံကြိုက်ခဲလှသော ၄င်းရာပြည့်ပွဲတော်ကြီးတွင် အားလုံး အတူတကွ ပါဝင်ဆင်နွဲနိုင်ပါရန် လေးစားစွာဖြင့် ကြိုတင်ဖိတ်ကြားအပ်ပါသည်။

Tuesday, July 25, 2017

အစည်းအဝေး(၄) ၂၃-၇-၂၀၁၇(တနင်္ဂနွေနေ့)

အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၄)
၂၃-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ် 
=====
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၄)အား ၂၃-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ နေ့လည်(၁)နာရီတွင် ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/သူဟောင်း (၅၀)ကျော် တက်ရောက်ခဲ့ပါသည်။ နာယက ဒေါက်တာမြင့်စိုးနှင့် ဥက္ကဋ္ဌ ဒေါ်အင်ပိုမှ အမှာစကားပြောကြားပြီး ကော်မတီဝင်အသီးသီးမှ 
ပြင်ဆင်နေမှုများအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ညနေ(၃း၃၀)တွင် ပြီးဆုံးပါသည်။ 

ပြီးနောက် ကျောင်းသို့သွားရောက်ကာ အခမ်းအနားပြုလုပ်နိုင်မည့်နေရာများအား သွားရောက်ကြည့်ရှုကြပါသည်။

ခန်းမအသုံးပြုခွင့်ပေးသော ဂရင်းဂျိတ်ဟိုတယ်မိသားစုနှင့် ကောက်ညှင်းအုန်းနို့ရော+ကော်ဖီ မုန့်ဖြင့်ဧည့်ခံပေးသည့် ဦးလှဝင်း+ဒေါ်အေးအေးသွယ်(ဇင်ယော်မင်းသောက်ရေသန့်)မိသားစုအား ကျေးဇူးတင်ရှိပါသည်။

























ရန်ကုန်လှုပ်ရှားမှုများ(၂)

ရန်ကုန်မြို့ရှိ အထက(၁)မြိတ် ကျောင်းသား/သူဟောင်းများမှလည်း ရာပြည့်ပွဲအတွက် စတင် စည်းရုံးလှုံ့ဆော်နေကြပါပြီ။
လာမယ့် 29-7-2017 (စနေနေ့) နေ့လယ်(၁း၀၀)နာရီမှာလည်း TK house စားသောက်ဆိုင်၊ ဟုမ်းလမ်း၊ စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင်ဆေးရုံအရှေ့လမ်းမှာ ရာပြည့်ပွဲအတွက် ကျောင်းသား/ကျောင်းသူဟောင်းများ တွေ့ဆုံကြမည်ဖြစ်ရာ ညီအကိုမောင်နှစ်မ သူငယ်ချင်း များလာရောက်ကြဖို့ ထပ်မံ၍ ဖိတ်ကြားပေးလိုက်ပါတယ်။
ဦးသန်းထွန်:-095112740
ဦးတိတ်စိန်-095091681
ဦးတင်သူရ-095100164
ဒေါ်မြတ်မြတ်သီ -09783503482
ဒေါ်သင်းသင်းမော်-09785182684 တို့ကိုလည်းဆက်သွယ်နိုင်ပါကြောင်း ...။



















Thursday, July 20, 2017

ရန်ကုန်လှုပ်ရှားမှုများ(၁)

အထက(၁)မြိတ်ရာပြည့်ပွဲတော်ကျင်းပရေး
ရန်ကုန်လှုပ်ရှားမှုများ(၁)
=====
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေး ကော်မတီအမှုဆောင်များမှ ရန်ကုန်မြို့ရှိ နာယကကြီး ၀ဏ္ဏကျော်ထင်ဦးဌေးမြင့် အား July 17 ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ဦးဌေးမြင့်မှ ရာပြည့်ပွဲအတွက်လှူဒါန်းပေးမည့်အပြင် ဆရာ/ဆရာမများအတွက်သီးခြားလှူဒါန်းငွေ၊ မြိတ်မြို့သို့ သွားလာစရိတ်နှင့် ကျောင်း၏ Multimedia Room ပျက်စီးနေမှုအား ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်-မြိတ်အသင်းမှလည်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဆရာ/ဆရာမများအား သီးခြားလှူဒါန်းပေးမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။



Sunday, July 16, 2017

သောက်ရေသန့်အလှူ

သောက်ရေသန့်အလှူ
ဇင်ယော်မင်းသောက်ရေသန့်
300ml ရေသန့်ဗူး ၆၀၀၀ အဆင်သင့်လုပ်ထားပေးပါမယ်။

စံပယ်ခန်းမ ကြမ်းခင်းပြင်ဆင်ရေး

(၁၀-၇-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်အထိမ်းအမှတ် အခမ်းအနား အတွက် ဒေါ်တင်တင်ထွေး(ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း)က စံပယ်ခန်းမ ကြမ်းခင်းပျက်စီးနေမှုများအားပြင်ဆင်ပေးမည်ဖြစ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဒေါက်တာမြင့်စိုးတို့နှင့် လိုအပ်သည်များ ကြိုတင်လိုက်လံကြည့်ရှုခဲ့သည်။



ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...