အထက(၁) တို့ကျောင်းတော်
သက်တမ်း တစ်ရာပြည့်ပြီနော်။
၂၀၁၈ မှာ ရာပြည့်ပွဲ
ကျောင်းသား အသစ်အဟောင်း လာဆင်နွှဲ။
သက်တမ်း တစ်ရာပြည့်ပြီနော်။
၂၀၁၈ မှာ ရာပြည့်ပွဲ
ကျောင်းသား အသစ်အဟောင်း လာဆင်နွှဲ။
ပွဲမစခင် အကြိုပြင်ဆင်
လုပ်ငန်းတွေက ကြီးတယ်ရှင်။
ကျောင်းရာပြည့်ပွဲ တစ်ဖက်ကနွှဲ
ဂါဝရပြုမယ် ဆရာကန်တော့ပွဲ။
လုပ်ငန်းတွေက ကြီးတယ်ရှင်။
ကျောင်းရာပြည့်ပွဲ တစ်ဖက်ကနွှဲ
ဂါဝရပြုမယ် ဆရာကန်တော့ပွဲ။
ရာပြည့်ပွဲတော် နွှဲဖို့ရာ
တတ်အားသမျှ အလှူထည့်ပါ။
တစ်ယောက်ကအစ ဝိုင်းဝန်းမှ
တို့ကျောင်းပွဲတော် လွန်လှပ။
ငွေအား လူအား ပစ္စည်းအား
ပါဝင်ကြပါ တတပ်တအား။
တတ်အားသမျှ အလှူထည့်ပါ။
တစ်ယောက်ကအစ ဝိုင်းဝန်းမှ
တို့ကျောင်းပွဲတော် လွန်လှပ။
ငွေအား လူအား ပစ္စည်းအား
ပါဝင်ကြပါ တတပ်တအား။
မှတ်တမ်းမှတ်ရာ ရှိကြလျှင်
လှုချင်ကြက လှုစေချင်
မလှုချင်က ကူးပါရစေရှင်။
လှုချင်ကြက လှုစေချင်
မလှုချင်က ကူးပါရစေရှင်။
ကျောင်းတော်ချစ်တဲ့ သူငယ်ချင်းများ
ရာပြည့်ပွဲကို လာကြနား။
သားစဉ် မြေးဆက်ချန်ကာမထား
ထမင်းလက်ဆုံ လာအတူစား
ရှေးဟောင်း နှောင်းဖြစ်ပြောကြမနား
ဆရာတွေကိုလည်း ကန်တော့စို့လား။
ရာပြည့်ပွဲကို လာကြနား။
သားစဉ် မြေးဆက်ချန်ကာမထား
ထမင်းလက်ဆုံ လာအတူစား
ရှေးဟောင်း နှောင်းဖြစ်ပြောကြမနား
ဆရာတွေကိုလည်း ကန်တော့စို့လား။
________
ဒေါ်တင်တင်ထွေး (ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း)
No comments:
Post a Comment