Saturday, June 24, 2017

ရာပြည့်ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး

၁၁-၅-၂၀၁၇၊ Grand Jade Hotel၊ မြိတ်မြို့
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၁၁-၅-၂၀၁၇ (တနင်္ဂနွေနေ့)က ဟိုတယ်ဂရင်းဂျိတ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်နှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဒေါက်တာမြင့်စိုး၊ ဆရာမဒေါ်အင်ပို တို့အပါအ၀င် ကျောင်းသား/သူဟောင်းများ တက်ရောက်ကြပြီး အစီအစဉ်ကြမ်းအား ဆွေးနွေးကြပါသည်။
လာမည့် ၂၅-၆-၂၀၁၇ (တနင်္ဂနွေနေ့)တွင်မှ နှစ်အသီးသီးရှိ ကျောင်းသား/သူဟောင်းများအား စုံစုံလင်လင် ဖိတ်ခေါ်ပြီး ပွဲပြုလုပ်မည့် သင့်တော်သည့်ရက်သတ်မှတ်ခြင်းအပါအ၀င် အခမ်းအနားအစီအစဉ်များအတွက် ကော်မတီအသီးသီးအား ဖွဲ့စည်းကြမည်ဖြစ်ပါသည်။
ကြုံတောင့်ကြုံခဲ တစ်သက်တွင် တစ်ကြိမ်သာကြုံတွေ့နိုင်သည့် မြိတ်မြို့ဂုဏ်ဆောင် အမိကျောင်းတော်ကြီး၏ ရာပြည့်ပွဲတော်ကြီးအား ကျောင်းသား/သူဟောင်းများနေဖြင့် နိုင်စွမ်းသမျှ ၀ိုင်းဝန်းပူးပေါင်းပါဝင် ကူညီနိုင်ကြစေရန် ကြိုတင် နှိုးဆော်ပန်ကြားအပ်ပါသည်။






No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...