Sunday, June 25, 2017

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေး အစည်းအဝေး

(၂၅-၆-၂၀၁၇၊ တနင်္ဂနွေနေ့၊ နေ့လယ် ၁း၀၀ နာရီ၊ Grand Jade Hotel မင်္ဂလာခန်းမ)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအား ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၆-၇)ရက် (စနေ၊တနင်္ဂနွေ) နေ့များတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း (၂၅-၆-၂၀၁၇)ရက်နေ့၊ Grand Jade Hotel၊ မင်္ဂလာခန်းမတွင်ပြုလုပ်သော အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
ကျောင်းသား/သူဟောင်းများ(၁၀၀)ကျော်တက်ရောက်ကြပြီး နာယက ဆရာဦးခိုင်ဝင်း၊ ဆရာကြီးဦးတင်မောင်ဆွေတို့မှ သြ၀ါဒစကားပြောကြားကာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်၊ ပွဲဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အင်ပိုတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ ကျောင်းသား/သူဟောင်းများအဖွဲ့မှ ဦးခင်လတ်ဦးဆောင်ကာ
အလုပ်အမှုဆောင်ကော်မတီများအား အသီးသီးဖွဲ့စည်းခဲ့ပြီး မကြာမီရက်များအတွင်း အလှူငွေလက်ခံမည့်အစီအစဉ်များနှင့် လုပ်ဆောင် ဆက်သွယ်မည့် ကော်မတီအချက်အလက်များအား ထုတ်ပြန်ကြေငြာပေးပါမည်။
ကိုယ်ပိုင်ကန်စွန်းအင်းအထက်တန်းကျောင်းရှိသော်လည်း မိခင်ကျောင်းတော်ကြီးဖြစ်သည့် အထက(၁)အတွက် တက်တက်ကြွကြွ လာရောက်အားပေးကူညီသည့် ဆရာမဒေါ်တင်တင်ထွေ:၊ ရန်ကုန်မှ အစည်းအဝေးအတွက် သီးသန့်လာတက်သည့် အဝေးရောက်ကျောင်းသားဟောင်းများဖြစ်ကြသော ကိုထင်အောင်၊ ကိုတိတ်စိန် နှင့် စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြသည့် နှစ်အသီးသီးမှ ကျောင်းသား/သူဟောင်းများ၊ အကြောင်းကြောင်းကြောင့် မလာရောက်နိုင်သော်လည်း အဝေးမှ အားပေးကူညီကြသည့် ကျောင်းသား/သူဟောင်းများနှင့် အစည်းအဝေးအတွက် ခန်းမအသုံးပြုခွင့်ပေးပြီး လက်ဖက်ရည်+မုန့်တို့ဖြင့် ဧည့်ခံပေးသော Grand Jade Hotel မှ ဒေါ်အင်ပို အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



















No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...