Saturday, June 24, 2017

ကုက္ကိုရိပ်က မြိတ် ထ-၁ ရာပြည့်

တလွင်လွင်ညာသံပေး
ကုက္ကိုရိပ်ကခေါင်းလောင်းသံ
မြစ်ခေါင်းကရေလျှံ
လွယ်အိပ်လွယ်အပြေးတက်ခဲ့သေး
မြိတ်ဆိုတဲ့ဒီတံငါရွာမှ
အဖိုးအဖွားငယ်မူကျောင်းတက်ဟန်လေး
ကုက္ကိုရိပ်ကခေါင်းလောင်းသံ
စီညံညံညာသံပေး
မြေလမ်းပေါ်ဖုန်ထူထူနဲ့
လွယ်အိတ်စလွယ်စက်ဘီးစီးကာရယ်
မျက်မှန်ကိုင်းနက်နက်ကြီးဆင်လို့
အဖေအမေခေတ်ကျောင်းတက်ပုံလေး
လျှပ်စစ်ခေါင်းလောင်းလော်နဲ့အော်
ကုက္ကိုအိုပင်ညိုရိပ်က
ကျောင်းခေါ်ချိန်ညာသံပေး
အေစီကတ္တရာလမ်းတွေအပေါ်
ဆိုင်ကယ်တွေတဝီဝီစီးလို့
သားတို့ခေတ်ကျောင်းတက်ပုံလေး
ခေတ်သုံးခေတ်ချန်ပီယံ
ခေါင်းလောင်းသံမဆိတ်သုန်းခဲ့
အချိန်တန်ရင်ခွင်ပိုက်
ထွေးပွေ့လို့ပညာပေးတဲ့
ထ ၁ ဆိုတဲ့သည်ရင်ခွင်
မြိတ်ဂုဏ်အင်အသွင်တင့်ပေသား
နှစ်တစ်ရာကြာသော်ငြား
မအိုဟောင်းတဲ့ဒီရင်ခွင်
စာသလို့ဆိုချင်
ဆရာ့ဆရာတွေ အမွေလက်ပြောင်းခဲ့ကြ
ဒီမြို့ရွာတိုးတက်စေကြောင်း
ပညာရည်လောင်း
တပည့်တို့စွမ်းရည်သာ
ပြည်ရွာမှာပေါ်ထွန်း
အများနဲ့ယှဉ်ပေါ်ထင်သမျှ
ဒီဥယျာဉ်ဒီပျိုးခင်းမှာဖြင့်
ဥယျာဉ်မှူးတို့ကပီတိဖြာ
မြတ်ဆရာတို့ရဲ့လှတဲ့အပြုံး
နှစ်တစ်ရာတိုင်ခဲ့လေပြီ
ခေတ်အဆက်ဆက်မြတ်ဆရာတို့
သွန်သင်ကာပြုစုပျိုးထောင်ရင်း
ကံကုန်သည်လည်းရှိခဲ့ပြီ
ဆံဖြူသည်လည်းရှိခဲ့ပြီ
ထ ၁ ရဲ့ဒီရင်ခွင်ဆီသံယောဇဉ်ဖြစ်တည်
သူငယ်ချင်းတို့စုံစုံညီ
ငါတို့အဖိုးအဖွားရဲ့ဒီကျောင်းတော်ကြီး
ငါတို့အဖေအမေရဲ့ဒီကျောင်းတော်ကြီး
ဒီဥယျာဉ်အလှအယှဉ်တင့်ပေဖို့
ငါဒို့တတွေတွဲလက်ညီ
ပူဇော်မည်မြတ်ဆရာသို့
ပူးပေါင်းဖို့ဖိတ်ခေါ်သည်
စည်းရုံးကာဖေးကူကြစို့
မြတ်ပညာသွန်းလောင်းပေးကုန်သော
အမြတ်သညာမြတ်ဆရာအပေါင်းကို
ဦးခိုက်ကာရှိခိုးကြစို့ကွယ်
လက်ဆယ်ဖြာအုပ်ချီမိုး
ဆရာတပည့်သံယောဇဉ်ကြိုးနဲ့
ထပ်တိုးကာရစ်ပတ်ချည်ငင်ရင်း
မမြင်ကြာချစ်တပည့်မျက်နှာလေး
ဘယ်သို့သာဘယ်သို့လှနေကြောင်း
ဥယျာဉ်မှူးတို့မျှော်နေကြလိမ့်မယ်
အိုကွယ် - ချစ်သူငယ်ချင်းတို့ရယ်
ထ ၁ရဲ့ရာပြည့်ပွဲသို့
မြန်းလာကြဟေ့
ဇော်မျိုးနိုင် (ပန်းတိုင်)

No comments:

Post a Comment

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...