Monday, June 26, 2017

ရာပြည့်ပွဲ

အထက(၁) တို့ကျောင်းတော်
သက်တမ်း တစ်ရာပြည့်ပြီနော်။
၂၀၁၈ မှာ ရာပြည့်ပွဲ
ကျောင်းသား အသစ်အဟောင်း လာဆင်နွှဲ။
ပွဲမစခင် အကြိုပြင်ဆင်
လုပ်ငန်းတွေက ကြီးတယ်ရှင်။
ကျောင်းရာပြည့်ပွဲ တစ်ဖက်ကနွှဲ
ဂါဝရပြုမယ် ဆရာကန်တော့ပွဲ။
ရာပြည့်ပွဲတော် နွှဲဖို့ရာ
တတ်အားသမျှ အလှူထည့်ပါ။
တစ်ယောက်ကအစ ဝိုင်းဝန်းမှ
တို့ကျောင်းပွဲတော် လွန်လှပ။
ငွေအား လူအား ပစ္စည်းအား
ပါဝင်ကြပါ တတပ်တအား။
မှတ်တမ်းမှတ်ရာ ရှိကြလျှင်
လှုချင်ကြက လှုစေချင်
မလှုချင်က ကူးပါရစေရှင်။
ကျောင်းတော်ချစ်တဲ့ သူငယ်ချင်းများ
ရာပြည့်ပွဲကို လာကြနား။
သားစဉ် မြေးဆက်ချန်ကာမထား
ထမင်းလက်ဆုံ လာအတူစား
ရှေးဟောင်း နှောင်းဖြစ်ပြောကြမနား
ဆရာတွေကိုလည်း ကန်တော့စို့လား။
________
ဒေါ်တင်တင်ထွေး (ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း)

Sunday, June 25, 2017

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေး အစည်းအဝေး

(၂၅-၆-၂၀၁၇၊ တနင်္ဂနွေနေ့၊ နေ့လယ် ၁း၀၀ နာရီ၊ Grand Jade Hotel မင်္ဂလာခန်းမ)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအား ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၆-၇)ရက် (စနေ၊တနင်္ဂနွေ) နေ့များတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း (၂၅-၆-၂၀၁၇)ရက်နေ့၊ Grand Jade Hotel၊ မင်္ဂလာခန်းမတွင်ပြုလုပ်သော အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
ကျောင်းသား/သူဟောင်းများ(၁၀၀)ကျော်တက်ရောက်ကြပြီး နာယက ဆရာဦးခိုင်ဝင်း၊ ဆရာကြီးဦးတင်မောင်ဆွေတို့မှ သြ၀ါဒစကားပြောကြားကာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်၊ ပွဲဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အင်ပိုတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ ကျောင်းသား/သူဟောင်းများအဖွဲ့မှ ဦးခင်လတ်ဦးဆောင်ကာ
အလုပ်အမှုဆောင်ကော်မတီများအား အသီးသီးဖွဲ့စည်းခဲ့ပြီး မကြာမီရက်များအတွင်း အလှူငွေလက်ခံမည့်အစီအစဉ်များနှင့် လုပ်ဆောင် ဆက်သွယ်မည့် ကော်မတီအချက်အလက်များအား ထုတ်ပြန်ကြေငြာပေးပါမည်။
ကိုယ်ပိုင်ကန်စွန်းအင်းအထက်တန်းကျောင်းရှိသော်လည်း မိခင်ကျောင်းတော်ကြီးဖြစ်သည့် အထက(၁)အတွက် တက်တက်ကြွကြွ လာရောက်အားပေးကူညီသည့် ဆရာမဒေါ်တင်တင်ထွေ:၊ ရန်ကုန်မှ အစည်းအဝေးအတွက် သီးသန့်လာတက်သည့် အဝေးရောက်ကျောင်းသားဟောင်းများဖြစ်ကြသော ကိုထင်အောင်၊ ကိုတိတ်စိန် နှင့် စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြသည့် နှစ်အသီးသီးမှ ကျောင်းသား/သူဟောင်းများ၊ အကြောင်းကြောင်းကြောင့် မလာရောက်နိုင်သော်လည်း အဝေးမှ အားပေးကူညီကြသည့် ကျောင်းသား/သူဟောင်းများနှင့် အစည်းအဝေးအတွက် ခန်းမအသုံးပြုခွင့်ပေးပြီး လက်ဖက်ရည်+မုန့်တို့ဖြင့် ဧည့်ခံပေးသော Grand Jade Hotel မှ ဒေါ်အင်ပို အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



















Saturday, June 24, 2017

ရာပြည့်ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး

၁၁-၅-၂၀၁၇၊ Grand Jade Hotel၊ မြိတ်မြို့
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲကျင်းပရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၁၁-၅-၂၀၁၇ (တနင်္ဂနွေနေ့)က ဟိုတယ်ဂရင်းဂျိတ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်နှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဒေါက်တာမြင့်စိုး၊ ဆရာမဒေါ်အင်ပို တို့အပါအ၀င် ကျောင်းသား/သူဟောင်းများ တက်ရောက်ကြပြီး အစီအစဉ်ကြမ်းအား ဆွေးနွေးကြပါသည်။
လာမည့် ၂၅-၆-၂၀၁၇ (တနင်္ဂနွေနေ့)တွင်မှ နှစ်အသီးသီးရှိ ကျောင်းသား/သူဟောင်းများအား စုံစုံလင်လင် ဖိတ်ခေါ်ပြီး ပွဲပြုလုပ်မည့် သင့်တော်သည့်ရက်သတ်မှတ်ခြင်းအပါအ၀င် အခမ်းအနားအစီအစဉ်များအတွက် ကော်မတီအသီးသီးအား ဖွဲ့စည်းကြမည်ဖြစ်ပါသည်။
ကြုံတောင့်ကြုံခဲ တစ်သက်တွင် တစ်ကြိမ်သာကြုံတွေ့နိုင်သည့် မြိတ်မြို့ဂုဏ်ဆောင် အမိကျောင်းတော်ကြီး၏ ရာပြည့်ပွဲတော်ကြီးအား ကျောင်းသား/သူဟောင်းများနေဖြင့် နိုင်စွမ်းသမျှ ၀ိုင်းဝန်းပူးပေါင်းပါဝင် ကူညီနိုင်ကြစေရန် ကြိုတင် နှိုးဆော်ပန်ကြားအပ်ပါသည်။






ကုက္ကိုရိပ်က မြိတ် ထ-၁ ရာပြည့်

တလွင်လွင်ညာသံပေး
ကုက္ကိုရိပ်ကခေါင်းလောင်းသံ
မြစ်ခေါင်းကရေလျှံ
လွယ်အိပ်လွယ်အပြေးတက်ခဲ့သေး
မြိတ်ဆိုတဲ့ဒီတံငါရွာမှ
အဖိုးအဖွားငယ်မူကျောင်းတက်ဟန်လေး
ကုက္ကိုရိပ်ကခေါင်းလောင်းသံ
စီညံညံညာသံပေး
မြေလမ်းပေါ်ဖုန်ထူထူနဲ့
လွယ်အိတ်စလွယ်စက်ဘီးစီးကာရယ်
မျက်မှန်ကိုင်းနက်နက်ကြီးဆင်လို့
အဖေအမေခေတ်ကျောင်းတက်ပုံလေး
လျှပ်စစ်ခေါင်းလောင်းလော်နဲ့အော်
ကုက္ကိုအိုပင်ညိုရိပ်က
ကျောင်းခေါ်ချိန်ညာသံပေး
အေစီကတ္တရာလမ်းတွေအပေါ်
ဆိုင်ကယ်တွေတဝီဝီစီးလို့
သားတို့ခေတ်ကျောင်းတက်ပုံလေး
ခေတ်သုံးခေတ်ချန်ပီယံ
ခေါင်းလောင်းသံမဆိတ်သုန်းခဲ့
အချိန်တန်ရင်ခွင်ပိုက်
ထွေးပွေ့လို့ပညာပေးတဲ့
ထ ၁ ဆိုတဲ့သည်ရင်ခွင်
မြိတ်ဂုဏ်အင်အသွင်တင့်ပေသား
နှစ်တစ်ရာကြာသော်ငြား
မအိုဟောင်းတဲ့ဒီရင်ခွင်
စာသလို့ဆိုချင်
ဆရာ့ဆရာတွေ အမွေလက်ပြောင်းခဲ့ကြ
ဒီမြို့ရွာတိုးတက်စေကြောင်း
ပညာရည်လောင်း
တပည့်တို့စွမ်းရည်သာ
ပြည်ရွာမှာပေါ်ထွန်း
အများနဲ့ယှဉ်ပေါ်ထင်သမျှ
ဒီဥယျာဉ်ဒီပျိုးခင်းမှာဖြင့်
ဥယျာဉ်မှူးတို့ကပီတိဖြာ
မြတ်ဆရာတို့ရဲ့လှတဲ့အပြုံး
နှစ်တစ်ရာတိုင်ခဲ့လေပြီ
ခေတ်အဆက်ဆက်မြတ်ဆရာတို့
သွန်သင်ကာပြုစုပျိုးထောင်ရင်း
ကံကုန်သည်လည်းရှိခဲ့ပြီ
ဆံဖြူသည်လည်းရှိခဲ့ပြီ
ထ ၁ ရဲ့ဒီရင်ခွင်ဆီသံယောဇဉ်ဖြစ်တည်
သူငယ်ချင်းတို့စုံစုံညီ
ငါတို့အဖိုးအဖွားရဲ့ဒီကျောင်းတော်ကြီး
ငါတို့အဖေအမေရဲ့ဒီကျောင်းတော်ကြီး
ဒီဥယျာဉ်အလှအယှဉ်တင့်ပေဖို့
ငါဒို့တတွေတွဲလက်ညီ
ပူဇော်မည်မြတ်ဆရာသို့
ပူးပေါင်းဖို့ဖိတ်ခေါ်သည်
စည်းရုံးကာဖေးကူကြစို့
မြတ်ပညာသွန်းလောင်းပေးကုန်သော
အမြတ်သညာမြတ်ဆရာအပေါင်းကို
ဦးခိုက်ကာရှိခိုးကြစို့ကွယ်
လက်ဆယ်ဖြာအုပ်ချီမိုး
ဆရာတပည့်သံယောဇဉ်ကြိုးနဲ့
ထပ်တိုးကာရစ်ပတ်ချည်ငင်ရင်း
မမြင်ကြာချစ်တပည့်မျက်နှာလေး
ဘယ်သို့သာဘယ်သို့လှနေကြောင်း
ဥယျာဉ်မှူးတို့မျှော်နေကြလိမ့်မယ်
အိုကွယ် - ချစ်သူငယ်ချင်းတို့ရယ်
ထ ၁ရဲ့ရာပြည့်ပွဲသို့
မြန်းလာကြဟေ့
ဇော်မျိုးနိုင် (ပန်းတိုင်)

ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...