အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၆)
၃-၉-၂၀၁၇ (တနင်္ဂနွေနေ့)၊ ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်
=====
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၆)အား ၃-၉-၂၀၁၇ (တနင်္ဂနွေနေ့)၊ နေ့လည်(၁)နာရီတွင် ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/သူဟောင်းများ နှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး ကော်မတီဝင်အသီးသီးမှ ပြင်ဆင်နေမှုများ၊ ပွဲကျင်းပမည့်ရက်တွင် ပြုလုပ်မည့် အစီအစဉ်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ညနေ(၄း၀၀)တွင် ပြီးဆုံးပါသည်။
ရန်ပုံငွေအဖြစ် ရောင်းချပေးမည့် အမှတ်တရအင်္ကျီ၊ သောက်ရေခွက်၊ များလည်း ရရှိနေပြီး လာမည့် ၉-၉-၂၀၁၇(စနေ့နေ့)တွင် မြစ်ငယ်ရပ် မှစတင်ပြီး ရပ်ကွက်များအတွင်း အလှူငွေကောက်ခံထွက်သည့်အခါတွင်လည်း ၀ိုင်းဝန်းကူညီအားဖြည့်ပေးပါမည့်အကြောင်း သက်ဆိုင်ရာများအား ကြိုတင်နှိုးဆော်ပန်ကြားအပ်ပါသည်။
ခန်းမအသုံးပြုခွင့်ပေးသော ဂရင်းဂျိတ်ဟိုတယ်မိသားစု၊ ဒေါ်ရှူယူ နှင့် ဒေါ်အေးမူ တို့မှ မုန့်၊ ဒေါ်အင်ပိုမှ လက်ဖက်ရည်နှင့် ရာပြည့်ပွဲအတွက် သီးခြားစီစဉ်လှူဒါန်းပေးသော ရေသန့်အလှူရှင် ဇင်ယော်မင်းသောက်ရေသန့်မိသားစုတို့အား ကျေးဇူးတင်ရှိပါသည်။
Subscribe to:
Post Comments (Atom)
ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)
အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...

-
သောက်ရေသန့်အလှူ ဇင်ယော်မင်းသောက်ရေသန့် 300ml ရေသန့်ဗူး ၆၀၀၀ အဆင်သင့်လုပ်ထားပေးပါမယ်။
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ပိုစတာစိုက်ထူခြင်းအား ယနေ့ ၂၇-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီက အထက(၁)မြိတ်၊ စံပယ်ဆောင်...
-
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ၂-၇-၂၀၁၇ (တနင်္ဂနွေနေ့)၊ အထက(၁)မြိတ်၊ စံပါယ်ခန်းမ နာယကကြီး ဦ...
No comments:
Post a Comment