Wednesday, September 27, 2017

ရာပြည့်အမှတ်တရ ပြက္ခဒိန်

အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်အမှတ်တရ ၂၀၁၈ခုနှစ် ပြက္ခဒိန် ရရှိပြီဖြစ်ရာ ကူညီပံ့ပိုးသူ ကြော်ငြာရှင်များအား ရာပြည့်ပွဲကျင်းပရေး အကျိုးဆောင်အဖွဲ့မှ အမှတ်တရသွားရောက်ပေးအပ်ခဲ့ကြပါသည်။ ၀ယ်ယူလိုသူကျောင်းသား/သူများအနေဖြင့်လည်း ၂၅၀၀ိ/-ဖြင့် ၀ယ်ယူအားပေးနိုင်ကြပါပြီ။


















ရာပြည့်ပွဲတော် ဆိုင်းဘုတ်တင်ခြင်း

အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ပိုစတာစိုက်ထူခြင်းအား ယနေ့ ၂၇-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီက အထက(၁)မြိတ်၊ စံပယ်ဆောင်ရှေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ ရာပြည့်ပွဲတော်ကျင်းပရေး အကျိုးဆောင်အဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်း/သစ် စုံလင်စွာ စည်စည်ကားကား တက်ရောက်ကြပြီး (၁၁း၃၀)တွင် ပြီးဆုံးခဲ့ပါသည်။










Sunday, September 3, 2017

အစည်းအဝေး(၆) ၃-၉-၂၀၁၇(တနင်္ဂနွေနေ့)

အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၆)
၃-၉-၂၀၁၇ (တနင်္ဂနွေနေ့)၊ ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်
=====
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၆)အား ၃-၉-၂၀၁၇ (တနင်္ဂနွေနေ့)၊ နေ့လည်(၁)နာရီတွင် ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/သူဟောင်းများ နှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး ကော်မတီဝင်အသီးသီးမှ ပြင်ဆင်နေမှုများ၊ ပွဲကျင်းပမည့်ရက်တွင် ပြုလုပ်မည့် အစီအစဉ်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ညနေ(၄း၀၀)တွင် ပြီးဆုံးပါသည်။

ရန်ပုံငွေအဖြစ် ရောင်းချပေးမည့် အမှတ်တရအင်္ကျီ၊ သောက်ရေခွက်၊ များလည်း ရရှိနေပြီး လာမည့် ၉-၉-၂၀၁၇(စနေ့နေ့)တွင် မြစ်ငယ်ရပ် မှစတင်ပြီး  ရပ်ကွက်များအတွင်း အလှူငွေကောက်ခံထွက်သည့်အခါတွင်လည်း ၀ိုင်းဝန်းကူညီအားဖြည့်ပေးပါမည့်အကြောင်း သက်ဆိုင်ရာများအား ကြိုတင်နှိုးဆော်ပန်ကြားအပ်ပါသည်။

ခန်းမအသုံးပြုခွင့်ပေးသော ဂရင်းဂျိတ်ဟိုတယ်မိသားစု၊ ဒေါ်ရှူယူ နှင့် ဒေါ်အေးမူ တို့မှ မုန့်၊ ဒေါ်အင်ပိုမှ လက်ဖက်ရည်နှင့် ရာပြည့်ပွဲအတွက် သီးခြားစီစဉ်လှူဒါန်းပေးသော ရေသန့်အလှူရှင် ဇင်ယော်မင်းသောက်ရေသန့်မိသားစုတို့အား ကျေးဇူးတင်ရှိပါသည်။












အစည်းအဝေး(၅) ၆-၈-၂၀၁၇ (တနင်္ဂနွေနေ့)

အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၅)
၆-၈-၂၀၁၇ (တနင်္ဂနွေနေ့)၊ ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်
=====
အထက(၁)မြိတ်၊ ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး(၅)အား ၆-၈-၂၀၁၇ (တနင်္ဂနွေနေ့)၊ နေ့လည်(၁)နာရီတွင် ဂရင်းဂျိတ်ဟိုတယ်၊ အပေါ်ဆုံးထပ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/သူဟောင်း (၅၀)ကျော် တက်ရောက်ခဲ့ပါသည်။ နာယက ဒေါက်တာမြင့်စိုးနှင့် ဥက္ကဋ္ဌ ဒေါ်အင်ပိုမှ အမှာစကားပြောကြားပြီး ကော်မတီဝင်အသီးသီးမှ ပြင်ဆင်နေမှုများအားနှင့် ပွဲကျင်းပမည့်နေ့ရက်တွင် ပြုလုပ်နိုင်မည့် အစီအစဉ်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ညနေ(၃း၃၀)တွင် ပြီးဆုံးပါသည်။

ခန်းမအသုံးပြုခွင့်ပေးသော ဂရင်းဂျိတ်ဟိုတယ်မိသားစု၊ ဦးသက်စိုး နှင့် ဒေါ်မြို့ရီတိှု့မှ ဆီထမင်း နှင့် ဒေါ်အင်ပိုမှ လက်ဖက်ရည်ဖြင့် ဧည့်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။













ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...