Saturday, October 28, 2017

မြစ်ငယ်ရပ်ကွက်အတွင်း အလှူခံမှတ်တမ်း (၂၈-၁၀-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၈-၁၀-၂၀၁၇ (စနေနေ့)တွင် မြစ်ငယ်ရပ်ကွက်ရှိ ကျောင်းသူ/သားများရှိရာသို့ အိမ်တိုင်ရာရောက် အလှူခံထွက်ခဲ့ကြပါသည်။
နံနက်(၈း၀၀)နာရီတွင် ကျောင်း၌စုရုံးခဲ့ပြီး လှုံဆော်ရေးသီးချင်းဖွင့်လှစ်ထားသော ရှေ့ပြေးကားများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်းများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်ပါကူညီခဲ့ကြပါသည်။
ဇင်ယော်မင်းသောက်ရေသန့်မှ ရေသန့်ဘူးများ၊ မြစ်ငယ်ရပ်ရှိ ဦးလား(ဇာတ်လိုက်လ္ဘက်ရည်ဆိုင်)မှလည်း စေတနာထက်သန်စွာဖြင့် အအေး၊ လ္ဘက်ရည်များ ဒါနပြုခဲ့ပါသည်။ ပွင့်ကောင်း လ္ဘက်ရည်ဆိုင်တွင်လည်း ကိုလှိုင်သူရမှ လ္ဘက်ရည်၊အအေး၊မုန့်များဖြင့် ဒါနပြုခဲ့ပါသည်။
အလှူငွေကောက်ခံခြင်းအား နေ့လယ်(၁း၀၀)နာရီခန့်တွင် ပြီးဆုံးပြီး လိုက်ပါသူများအား ရွှေနှင်းဆီဆိုင်တွင် ဦးခင်လတ်+ဒေါ်ခင်ခင်မီ နှင့် ဦးလှကြည်+ဒေါ်စန္ဒငြိမ်း မိသားစု တို့မှ နေ့လယ်စာ ဒါနပြုခဲ့ပါသည်။
၂၈-၁၀-၂၀၁၇ (စနေနေ့) မြစ်ငယ်ရပ်ကွက်အတွင်း အလှူခံရရှိငွေစုစုပေါင်း ၅၀၀၀၅၀၀ိ/- (သိန်းငါးဆယ်ငါးရာကျပ်) ရရှိခဲ့ပါသည်။

















ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖို အလှူခံခရီးစဉ်မှတ်တမ်း(၂၅-၁၁-၂၀၁၇)

အထက(၁)မြိတ် ရာပြည့်ပွဲတော်နှင့် မြတ်ဆရာပူဇော်ပွဲအတွက် ၂၅-၁၁-၂၀၁၇ (စနေနေ့)တွင် ဆိပ်ငယ်၊ တလိုင်းစု၊ နောက်လယ်၊ ဈေးတန်း၊ သန်းဖိုရပ်ကွက်ရှိ ကျော...